ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်

 

နေပြည်တော်  မတ်  ၄
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာ ထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့   ဆွမ်းဆန်တော်နှင့်   ဆန်ကြာဆံများ       ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ        ယနေ့တွင်  နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ သူရိယာရာမကျောင်းတိုက်နှင့်  ဥတ္တရသီရိမြို့နယ်ရှိ သီရိမင်္ဂလာကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့နယ်ရှိ မြို့မရွှေကူကျောင်းတိုက်၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဃောသိတာ ရာမ ကျောင်းတိုက်၊ မွန်ပြည်နယ်  မော်လမြိုင်မြို့နယ်ရှိ ဓမ္မနန္ဒီကျောင်းတိုက်၊       ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ  တိပိဋကမဟာသစ္စာအောင်မြေကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မော်ကျွန်း ကျောင်းတိုက်၊ လှိုင်မြို့နယ်ရှိ ပဏ္ဍိတာရာမပရိယတ္တိ စာသင်တိုက်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ကျုံစုရွှေရင်အေးကျောင်းတိုက်၊      ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ   ပါလျံကျောင်းတိုက်တို့သို့   ဆွမ်း ဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသ ကြီး ပခုက္ကူ မြို့နယ်ရှိ ပါရမီဓမ္မရိပ်သာကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်နှင့်  အောင်မြေသာစံမြို့နယ်ရှိ မဟာဝိသုတာရာမကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး ဗဟန်းမြို့နယ်ရှိ တောင်ကြီးကျောင်းတိုက်၊ ရှမ်း ပြည်နယ် တောင်ကြီးမြို့နယ်ရှိ တောင်ကျောင်းကြီးကျောင်းတိုက်နှင့်  လားရှိုးမြို့နယ်ရှိ သာသနာအေး ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများ က    သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။                                            

သတင်းစဉ်