
နေပြည်တော် မတ် ၂၉
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ သရက်တောကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပထမဂန္ဓာရုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်၊ ဒေါပုံမြို့နယ်ရှိ မင်းနန္ဒာစာသင်တိုက်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ ဥက္ကလာသီရိကျောင်းတိုက်၊ သာကေတမြို့နယ်ရှိအောင်သီတာ စာသင်တိုက်နှင့် အင်းစိန်မြို့နယ်ရှိ မြတ်သန္ဒာကျောင်းတိုက်၊ ရှမ်း ပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းငမ်းကျောင်းတိုက်တို့သို့ ဆွမ်း ဆန်တော်များကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်ရှိ သရက်ပင်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ရွှေရတနာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ အောင်တော်မူကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ရှမ်းပိဋကတ်ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ သဲအင်းဂူကမ္မဋ္ဌာန်း ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာန များမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြ ကြောင်း သိရသည်။
သတင်းစဉ်