ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   မတ်   ၂၃


ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ဝင်/ဝန်ထမ်း  အရာထမ်း၊  အမှုထမ်း မိသားစုများက  မြို့နယ်အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့်    ဆန်ကြာဆံများ   ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ဉာဏဂုဏ်ရည်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံပရိယတ္တိစာသင်တိုက်၊  မရမ်းကုန်းမြို့နယ်ရှိ  အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့်    လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ သာယာကုန်းပရိယတ္တိ စာသင်တိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံ မြို့နယ်ရှိ သုဝဏ္ဏနားဝမ်(ကိုရင်လေး)ကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်ရှိ လယ်တီကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊    မကွေးတိုင်းဒေသကြီး    မကွေးမြို့နယ်ရှိ မဟာဝိသုတာရာမကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်ရှိ  ရွှေကူကြီးကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ နဂါး ပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ တောင်ပေါ် ဣစ္ဆာသယကျောင်းတိုက်၊     ရှမ်းပြည်နယ်   တောင်ကြီးမြို့နယ်ရှိ ဇောတိကာရာမကျောင်းတိုက်နှင့်   လားရှိုးမြို့နယ်ရှိ   နတ်ရေကန် ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။                                  

သတင်းစဉ်