ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   မတ်    ၁၁


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း   အရာထမ်း၊  အမှုထမ်း မိသားစုများက  မြို့နယ်အသီးသီး ရှိ   ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်တော်နှင့်   ဆန်ကြာဆံ များ   ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင်  နေပြည်တော်ကောင်စီ နယ်မြေ   ဒက္ခိဏသီရိမြို့နယ်ရှိ  ရတနာပင်စည်   မြောက်ကျောင်း  တိုက်၊    စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ    အပြည်ပြည်  ဆိုင်ရာ   ဗုဒ္ဓဘာသာ   ပညာရေး စင်တာ   (IBEC)၊    မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ    ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်၊     ရန်ကုန်တိုင်း  ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ     အောင်ဓမ္မရိပ်သာ ကျောင်းတိုက်၊   မင်္ဂလာဒုံမြို့နယ်ရှိ ကြည်သာအေးမြ ကျောင်းတိုက်၊  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  ဓမ္မ ဇေယျာကျောင်းတိုက်နှင့်  မြောက် ဥက္ကလာပမြို့နယ်ရှိ    ခေမာသီဝံ ကျောင်းတိုက်၊       ဧရာဝတီတိုင်း  ဒေသကြီး ပုသိမ်မြို့နယ်ရှိ မင်္ဂလာ  အောင်မြေ      စာသင်တိုက်တို့သို့  ဆွမ်းဆန်တော်များကို   လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူး မြို့နယ်ရှိ     ဓမ္မဒူတတောရဓမ္မ ရိပ်သာ၊    မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ  မင်္ဂလာသာစည် ကျောင်းတိုက်၊       မန္တလေးတိုင်း ဒေသကြီး     အမရပူရမြို့နယ်ရှိ  ပိဋိကတ်         ကျောင်းတိုက်နှင့်  အောင်မြေသာစံမြို့နယ်ရှိ  ဥဿာ  ကျောင်းတိုက်၊         ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ(အနောက်  ပိုင်း)     မြို့နယ်ရှိ   ပဒံပရိယတ္တိ  စာသင်တိုက်၊      ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ     ရွှေလရောင် ကျောင်းတိုက်တို့သို့ ဆန်ကြာဆံ များကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန် ရှိသူများက သွားရောက်ဆက်ကပ်  လှူဒါန်းကြကြောင်း သိရသည်။


သတင်းစဉ်