
နေပြည်တော် မတ် ၂
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင် ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံ များ ဆက်ကပ်လှူဒါန်းလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေမြိုင် ပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဓာတုမာလာ ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ကောင်းဆုဝေကျောင်းတိုက်၊ ရန်ကင်း မြို့နယ်ရှိ မိုဃ်းကောင်းကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်ရှိ မဟာဝိစိတ္တာရုံ ကျောင်းတိုက်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ အောင်ဇေယျာ မင်းကျောင်းတိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ သုဝဏ္ဏနားဝမ် (ကိုရင်လေး) ကျောင်းတိုက်များသို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ သာမဏေကျော်ပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်ရှိ ဝေသာလီဂန္ဓာရုံ ကျောင်းတိုက်နှင့် အောင်မြေသာစံ မြို့နယ်ရှိ ရွှေကျင်တိုက်မကြီး ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ ကမာကဆစ်အနောက် ကျောင်း ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အောင်မြေသာစည် ကံသာကျောင်း တိုက်နှင့် လားရှိုးမြို့နယ်ရှိ ရွှေလီ ကျောင်းတိုက်များသို့ ဆန်ကြာဆံများ ကိုလည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် ပြည်ထဲရေးဝန်ကြီး ဌာန တပ်ဖွဲ့ဝင်များ၊ ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်