
နေပြည်တော် စက်တင်ဘာ ၁၇
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်း မိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်ရှိ မဟာဝိဇ္ဇာသိပ္ပံ ပရိယတ္တိစာသင် တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ သူရိယာရာမ ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့နယ်ရှိ ချမ်းမြေ့ဇေယျာ ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ်ရှိ နေနတ်သား စာသင်တိုက်၊ ဗိုလ်တထောင်မြို့နယ်ရှိ တုလွတ် စံကျောင်းတိုက်၊ မရမ်းကုန်း မြို့နယ်ရှိ ပညာသိပ္ပံပရိယတ္တိ စာသင်တိုက်နှင့် သာကေတမြို့ နယ်ရှိ ပါဠိကာရီစာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ နယ်ရှိ မင်္ဂလာအောင်မြေပရိယတ္တိ စာသင်တိုက် တို့သို့ ဆွမ်းဆန်တော်များကို လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည် မြို့နယ်ရှိ မဟာသုဒဿနာရာမ စာသင်တိုက်၊ မကွေးတိုင်းဒေသ ကြီး မကွေးမြို့နယ်ရှိ စိန်ပန်း ဇဝနကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် ရှိ ရှမ်းစုဆီးဘန်နီကျောင်းတိုက် နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ပဒံပရိယတ္တိကျောင်းတိုက်၊ ရှမ်း ပြည်နယ် တောင်ကြီးမြို့နယ်ရှိ ကုန်းသာပရိယတ္တိစာသင်တိုက် နှင့် လားရှိုးမြို့နယ်ရှိ အောင်ချမ်းသာကျောင်းတိုက်တို့သို့ ဆန်ကြာ ဆံများကိုလည်းကောင်း ဆရာ တော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်