ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် အောက်တိုဘာ ၁၄


ပြည်ထဲရေးဝန်ကြီးဌာန   တပ်ဖွဲ့ ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက       မြို့နယ်အသီးသီး ရှိ    ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ     ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 


ထိုသို့      လှူဒါန်းလျက်ရှိရာ ယနေ့တွင်   နေပြည်တော်ကောင်စီ နယ်မြေ     ပျဉ်းမနားမြို့နယ်ရှိ မာန်အောင်ကျောင်းတိုက်၊ စစ်ကိုင်း တိုင်းဒေသကြီး    မုံရွာမြို့နယ်ရှိ တိပိဋကလင်္ကာရ ပရိယတ္တိစာသင် တိုက်၊  မွန်ပြည်နယ်  မော်လမြိုင် မြို့နယ်ရှိ ချမ်းသာရကျောင်းတိုက်၊ ရခိုင်ပြည်နယ်  စစ်တွေမြို့နယ်ရှိ ကျားရုပ်       ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း မြို့နယ်ရှိ        ဘီးလင်းတိုက်သစ် ပရိယတ္တိစာသင်တိုက်၊   ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ  ကြာကန် ကျောင်းတိုက်နှင့်       မင်္ဂလာဒုံ မြို့နယ်ရှိ     ရတနာမာန်အောင် ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊   မန္တလေး တိုင်းဒေသကြီး     ချမ်းမြသာစည် မြို့နယ်ရှိ     မဟာဓမ္မိကာရာမ ကျောင်းတိုက်နှင့် အမရပူရမြို့နယ် ရှိ   မဂ္ဂင်ကျောင်းတိုက်၊ ရခိုင်ပြည် နယ် စစ်တွေမြို့နယ်ရှိ ဒက္ခိဏရာမ ပရိယတ္တိစာသင်တိုက်၊     ရန်ကုန် တိုင်းဒေသကြီး    ဗဟန်းမြို့နယ်ရှိ ဝဲပျံကျောင်းတိုက်နှင့်    ဧရာဝတီ တိုင်းဒေသကြီး    ပုသိမ်မြို့နယ်ရှိ တိုက်ကြီး   ပရိယတ္တိစာသင်တိုက် တို့သို့     ဆန်ကြာဆံများကိုလည်း ကောင်း ဆရာတော်၊  သံဃာတော် များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်    လှူဒါန်းကြ ကြောင်း သိရသည်။ 

   သတင်းစဉ်