
နေပြည်တော် အောက်တိုဘာ ၇
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ အောင်စည်သာ ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ကျိုက်ပွန်ဇေတဝန်ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မြို့တော်ဦးကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ ရေတွင်းကုန်း ကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ် ရှိ သံဃတက္ကသိုလ်ကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ မဟာဗောဓိ ကျောင်းတိုက်နှင့် လှိုင်မြို့နယ်ရှိ ဇေယျဝတီပရိယတ္တိစာသင်တိုက် တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်ရှိ ပြည်လုံးချမ်းသာ ပရဟိတ ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ရွှေဒါး ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည် နယ် တောင်ကြီးမြို့နယ်ရှိ မြရတနာ ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ လွယ်ပြေတောရ ဝိပဿနာ ကမ္မဋ္ဌာန်းကျောင်း တိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် တာဝန်ရှိသူ များက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။
သတင်းစဉ်