
နေပြည်တော် အောက်တိုဘာ ၆
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်း မိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ သာသနာ့ပါလဓမ္မရိပ်သာ (မြိတ်) ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့နယ်ရှိ မဟာဓမ္မိကာရုံ ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဓာတုမာလာ ပရိယတ္တိ စာသင်တိုက်၊ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ထေရဝါဒ ဓမ္မရောင်ခြည် ပရိယတ္တိစာသင် တိုက်၊ မရမ်းကုန်းမြို့နယ်ရှိ တိပိ ဋက မဟာဂန္ဓာရုံကျောင်းတိုက်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ စိန်မြဓမ္မသာလာ ကျောင်းတိုက် နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ ရွှေရင်အေးကျောင်း တိုက်တို့သို့ ဆွမ်းဆန်တော်များ ကိုလည်းကောင်း၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ်ရှိ သာသနာ့ ဝိပုလာ ရာမကျောင်း တိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ တောင် ဆင်တဲကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ မဟာစည် သာသနာ့ရိပ်သာ ကျောင်းတိုက်၊ ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ရှိ ဗောဓိ ရတနာကျောင်းတိုက်နှင့် လားရှိုး မြို့နယ်ရှိ မန်အိုင် (အထက်)ကျောင်းတိုက် (ဝဲပုံ) တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် တာဝန်ရှိသူများက သွား ရောက် ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်