
နေပြည်တော် စက်တင်ဘာ ၁၅
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်းအရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ မဟာစကြာစာသင်တိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဆန်တန်းကျောင်းသစ်ကျောင်းတိုက်၊ ရခိုင်ပြည် နယ် စစ်တွေမြို့နယ်ရှိ ကျားရုပ်ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ တိပိဋကမဟာဂန္ထဝင်နိကာယ် ကျောင်းတိုက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မဟာဝိဇယာရာမ ကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ အောင်ချမ်းသာပရိယတ္တိစာသင်တိုက် တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ မဟာဂန္ဓာရုံတိုက်သစ်ကျောင်းတိုက်၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ်ရှိ အောင်မြေရတနာစာသင်တိုက်၊ မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ကင်းဝန်မင်းကြီး ကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော်ရိပ်သာ ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ စွန်းလွန်း ဂူ ဝိပဿနာကျောင်းတိုက်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အောင်မေတ္တာပရိယတ္တိစာသင်တိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများ က သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်