ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်  လှူဒါန်းခြင်းများ ဆောင်ရွက်

 

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၁
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်း မိသားစုများက  မြို့နယ်အသီးသီး ရှိ        ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ    ဆက်ကပ် လှူဒါန်းခြင်းကို  ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  နေပြည်တော်ကောင်စီ နယ်မြေ     ပျဉ်းမနားမြို့နယ်ရှိ ဈေးကုန်းကျောင်းတိုက်နှင့် မာန်အောင်ကျောင်းတိုက်တို့သို့လည်း ကောင်း(ယာပုံ)၊    ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်ရှိ         ဘုရား ငါးဆူစာသင်တိုက်သို့    လည်း ကောင်း၊ ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့နယ်ရှိ    ဓမ္မမဏ္ဍိုင် ကျောင်းတိုက်သို့   လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး  တာမွေ မြို့နယ်ရှိ  ဆုထူးပန်စာသင်တိုက် သို့လည်းကောင်း၊ ရှမ်းပြည်နယ် သိန္နီမြို့နယ်ရှိ  မြို့လယ်မင်္ဂလာရုံကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊    သံဃာတော်များ အတွက်  ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 
သတင်းစဉ်