
နေပြည်တော် မေ ၃၀
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင် ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ သာသနာ့မဉ္ဇူ ကျောင်းတိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသ ကြီး ဘုတ်ပြင်းမြို့နယ်ရှိ မာန်အောင်ပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း တိုက်နှင့် ဟိုပန်မြို့နယ်ရှိ မြသိန်းတန်ကျောင်းတိုက် တို့သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့နယ်ရှိ လိပ်ဥကုန်းမိုးကုတ် ဝိပဿနာကျောင်းတိုက် သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်