ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် စက်တင်ဘာ ၂၃


ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ဝင်/ဝန်ထမ်း  အရာထမ်း၊  အမှုထမ်း မိသားစုများက  မြို့နယ်အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့်     ဆန်ကြာဆံများ    ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ  ဇေယျာသီရိမြို့နယ်ရှိ   ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး   စစ်ကိုင်းမြို့နယ်ရှိ   ဇိနောဒယပရိယတ္တိ စာသင်တိုက်၊ မွန်ပြည်နယ်  မော်လမြိုင်မြို့နယ်ရှိ ဇေယျာမြိုင်ကျောင်း တိုက်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဓမ္မစေတီထေရဝါဒပရိယတ္တိ စာသင် တိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေဥမင်ဓမ္မသုခကျောင်းတိုက်နှင့်  သင်္ဃန်း ကျွန်းမြို့နယ်ရှိ ကျိုက္ကဆံ ပထမရွှေကျင်ကျောင်းတိုက်တို့သို့ ဆွမ်းဆန် တော်များကိုလည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ကမ္မဋ္ဌာန်း ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မစိုးရိမ် ကျောင်းတိုက်(စက်မှု)၊ မဟာအောင်မြေမြို့နယ်ရှိ မြတောင်ကျောင်းတိုက် နှင့် အောင်မြေသာစံမြို့နယ်ရှိ မဟာဝိသုတာရာမကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး  မရမ်းကုန်းမြို့နယ်ရှိ  မစိုးရိမ်ရွှေကျင်ကျောင်းတိုက် (ရှစ်မိုင်)နှင့် ရှမ်းပြည်နယ်  လားရှိုးမြို့နယ်ရှိ မဟာဝိဇိတာရာမပရိယတ္တိ စာသင်တိုက်တို့သို့   ဆန်ကြာဆံများကိုလည်းကောင်း  ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။                             

သတင်းစဉ်