
နေ့စွဲ - ၁၅ - ၇ - ၂၀၂၁
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပါ လုပ်ပိုင်ခွင့်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နင်းရေးအတွက် အမိန့်များထုတ်ပြန်လျက်ရှိပါသည်။ ၂။ ၂၀၂၁ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော အဆိုပါအမိန့်များတွင် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်ကြေညာခြင်းများအပါအဝင် မည်သည့်အမိန့်စာတွင်မှ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများကို ပိတ်သိမ်းကြောင်း မပါရှိခဲ့ပါ၊ ၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ခဲ့သည့် COVID-19 ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူ အလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက်(၂) ရက်အား အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာအမှတ် (၂၁၁/၂၀၂၁)တွင်လည်း ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း များကို ပိတ်သိမ်းကြောင်း လုံးဝမပါရှိခဲ့ပါကြောင်းနှင့် အဆိုပါကြေညာချက်၌ အများပြည်သူလိုက်နာ နေထိုင်ရမည့် စည်းကမ်းချက်များတွင် အမှတ်စဉ်(ဂ)၌ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများရောင်းချသည့်ဆိုင်များ ဖွင့်လှစ်ရောင်းချသွားရန်နှင့် အမှတ်စဉ် (င) တွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် (အစိုးရဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများ )ဟူ၍ ဖော်ပြပါရှိ ပါကြောင်း အသိပေးအပ်ပါသည်။
၄။ ထို့အပြင် ကောလာဟလသတင်းအမှားများကြောင့် ဈေးကွက်အတွင်း ကြက်ဥများ ဝယ်လိုအား များပြားလျက်ရှိပြီး ရှားပါးဈေးတက်ချိန်တွင် ကြက်ဥအစားထိုးအဖြစ် စားသုံးနိုင်သော အစားအစာများ၏ အာဟာရတန်ဖိုးများအား ဇယားဖြင့် ပူးတွဲဖော်ပြအပ်ပါသည် -
ကြက်ဥအစားထိုးအဖြစ် စားသုံးနိုင်သော အစားအစာများ၏ အာဟာရတန်ဖိုးများ