
ရန်ကုန် အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၏ “၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်း ပွဲတော်” တွင် ယနေ့နံနက်ပိုင်းက လာရောက်လည်ပတ်ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိရာ ဈေးဆိုင်ခန်းများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဈေးရောင်းပွဲတော်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix Global Observer Missiom အဖွဲ့မှ The TV host of Globalin Insights အဆင့်ရှိ Ms. Liu Jine ခေါင်းဆောင်သောအဖွဲ့က လာရောက်လည်ပတ်ရင်း ဝန်ကြီးချုပ်အားတွေ့ဆုံ၍ ရန်ကုန်သို့လာရောက် သည့် အချိန်နှင့်ကြုံကြိုက်နေ၍ ပွဲတော်သို့လာရောက် လည်ပတ်ခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့်ပွဲတော် တွင် လူအများ စိုးရိမ်ပူပန်မှုမရှိ အေးချမ်းပျော်ရွှင်စွာ သွားလာနေသည်ကို တွေ့ရကြောင်း၊ မိမိတို့ကြားသိရ သည့် အခြေအနေများနှင့် ကွဲပြားခြားနားနေကြောင်း၊ ပွဲတော်အတွင်း တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများကို တွေ့ရ၍လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်းနှင့် ယခုပွဲတော် လည်ပတ်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်မည်ဖြစ်ကြောင်း ပြောကြားသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုလို လာရောက် လည်ပတ်ခြင်းအပေါ် ကျေးဇူးတင်ပါကြောင်းနှင့် ပွဲတော်ကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် Ms. Liu Jine ခေါင်းဆောင်သောအဖွဲ့ အား စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် တို့က လက်ဆောင်များ ပေးအပ်သည်။
ပွဲတော်ရက်အတွင်း ရွှေတိဂုံစေတီတော် မြတ်ကြီးအား အလှမီးမျိုးစုံဖြင့် လည်းကောင်း၊ မြို့နယ်ရှစ်မြို့နယ်မှ ပုံစံမျိုးစုံဖြင့် အလှဆင်ထားရှိ ပြီး ပူဇော်ကန်တော့ရန်ပြုလုပ်ထားသည့် ပန်းခင်းများ တွင်လည်းကောင်း မိသားစုလိုက်၊ အဖွဲ့လိုက်နှင့် တစ်ဦးချင်းအလှဓာတ်ပုံများရိုက်ကူး၍ ပျော်ရွှင်စွာ ဖြင့် ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
ပြည်သူများအနေဖြင့် စိတ်လက်ပေါ့ပါး ပျော်ရွှင် စွာ အလှပန်းခင်းများနှင့်အတူ မီးထွန်းပွဲကိုကြည့်ရှု ခံစားရင်း ထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ရောင်းချပေးလျက်ရှိသည့် ဆန်၊ ဆီ၊ စားသောက်ကုန်များကို လာရောက်ဝယ်ယူအားပေး နိုင်ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)