
“ပြည်သူ့ရဲ”
* ပြည်ထဲအရေး ပေါက်နဲ့ကျေးဟု
ရှေးကဝိမွန် ဆိုမိန့်သွန်သည်
လွန်စွာသိမ်မွေ့ ထုံးဓလေ့နှင့်
စေ့ငကုံလုံ ဥပဒေစုံကို
ခုံမင်မှတ်စွဲ ပြည်သူ့ရဲ။
* ခိုးဆိုးလုယက် အကြမ်းဖက်ကို
သက်စွန့်ကြိုးပမ်း တပ်နဲ့ထမ်းကာ
လမ်းပန်းသာရေး စောင့်ရှောက်ပေးလျက်
လေးစားပြည်သူ ဦးထိပ်မူ၍
ကူညီအမြဲ ပြည်သူ့ရဲ။
* နေ့ညမနား ပြည်သူ့သားသည်
လားခဲ့နှစ်စစ် ခြောက်ဆယ်ဖြစ်ရန်
တစ်ခုသာလို ခုချိန်ဆိုလျှင်
ပိုပြည့်လျှံပယ် အားမာန်ကြွယ်၍
ထည်ဝါဝံ့ဆဲ ပြည်သူ့ရဲ။
* တပ်အရန်အား ပြည့်ချစ်သားဟု
ထားစံသတ်မှတ် ဂုဏ်တစ်ရပ်ကြောင့်
မြတ်လှစိတ်ကဲ ပြည်သူ့ရဲသည်
သည်းနှလုံးဖြူ မွှေးကြူကြူကို
ခြူသံလွင့်ဝေ ပြနိုင်စေ။ ။
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုလျက်...
ညိုဝင်း(ချစ်မြေ)