ပြည်သူများသို့ အသိပေးပန်ကြားခြင်း

*    မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင်   အရေးကြီး/ အရေးပေါ်၊  ပညာရေး၊  ကျန်းမာရေးကိစ္စရပ်များဖြင့်   ပြည်ပသို့   အချိန်မီ သွားရောက်ရန်  လိုအပ်သူများအတွက်  ခိုင်လုံသော အထောက်အထားများနှင့်အတူ Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
*    ပွဲစားများသည်  လူမှုကွန်ရက်မီဒီယာပေါ်တွင် အဆမတန် ငွေကြေးများ ပိုမိုတောင်းခံ၍ လိမ်လည်ဆောင်ရွက်ခြင်းများ တွေ့ရှိရ၍ ပြည်သူများအနေဖြင့် လိမ်လည်မှုမခံရစေရေး သတိပြုသွားကြရန် လိုအပ်ပါမည်။
*    Green Channel ဖြင့် လျှောက်ထားသူများသည် www.passport.gov.mm website တွင်  ကြေညာထားသည့်အတိုင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၊ ရုံးအမှတ် (၃၈) နေပြည်တော် (ဖုန်း ၀၆၇- ၃၄၁၁၅၈၀) လိပ်မူပြီး  လျှောက်ထားနိုင်ကြောင်း အသိပေး ပန်ကြားအပ်ပါသည်။