ပြည်သူများ၏အသက်ကို ကာကွယ်ရန် ဆေးဘက်ဆိုင်ရာစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆူဂါပြော

 

တိုကျို   သြဂုတ်   ၂၅ 


ဂျပန်ဝန်ကြီးချုပ် ဆူဂါယိုရှီဟိဒဲက  ပြည်သူများ၏အသက်ကို  ကာကွယ်ရန် ဆေးဘက်ဆိုင်ရာစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည်  ထိပ်တန်းဦးစားပေးကိစ္စရပ်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်က ပြောကြားလိုက်သည်။
သြဂုတ် ၂၅ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်ရေးဆိုင်ရာ အစိုးရလုပ်ငန်းအဖွဲ့အစည်းအဝေး၌  ဆူဂါက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံ၏ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် မှတ်တမ်းတင် သည့်အဆင့်အထိဆက်လက်မြင့်တက်ပြီး ပြည်သူ့ကျန်းမာရေးစင်တာများနှင့် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများအပေါ် ဝန်ပိလျက်ရှိသည်။ 
ဆေးဘက်ဆိုင်ရာ    စနစ်ဖွံ့ဖြိုးတိုးတက်ရန် အတွက်   ဆောင်ရွက်ရမည့်ကိစ္စရပ်များကို   ၎င်းက လမ်းညွှန်ခဲ့သည်။   ပြည်သူ့ကျန်းမာရေးစင်တာက ကိုဗစ်-၁၉ လူနာများကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုခင် လူနာများအနေဖြင့် ပထမဆုံး ကျန်းမာရေးဆွေးနွေး တိုင်ပင်ထားသော    ဆရာဝန်များအား    ဖုန်းဖြင့် သော်လည်းကောင်း အိမ်တိုင်ရာရောက်ပင့်ဆောင် ခြင်းအားဖြင့်သော်လည်းကောင်း   မိမိတို့နေအိမ်တွင်း ၌ပင်    နာလန်ပြန်ထူလာအောင်   လုပ်ဆောင်သည့်   စနစ်တစ်ခုကို အစိုးရက ခွင့်ပြုပေးရန်  လိုကြောင်း  ဆူဂါက ပြောကြားသည်။ 
နောက်ထပ်ဆောင်ရွက်ချက်တစ်ခုမှာ ကိုယ်ဝန် ဆောင်မိခင်များကို အရေးပေါ်ကုသမှုပေးရန် ဒေသ တစ်ခုချင်းစီတွင်    အရေးပေါ်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းရှိရန် ဖြစ်သည်။
ဆေးရုံနှင့် ဝေးသည့်နေရာများတွင် အောက်ဆီ ဂျင်    ထောက်ပံ့မှုလုပ်ဆောင်နိုင်သည့်    ယာယီ ဆေးဘက်ဆိုင်ရာ  အဆောက်အအုံများ ရှိရန်လည်း စီစဉ်ထားရှိကြောင်း ဆူဂါက ပြောသည်။ 
ဒယ်လ်တာအသွင်ပြောင်းကိုဗစ်-၁၉ မျိုးစိတ် သစ်က   အရှိန်အဟုန်ကောင်းကောင်းဖြင့်  ကူးစက် ပျံ့နှံ့လျက်ရှိသည့်အတွက်   အဆိုပါ  အခက်အခဲကို ကျော်လွှားရန် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဆူဂါက ဆက်လက်ပြောကြားသည်။ 
ဝန်ကြီးများကို    ဆေးဘက်ဆိုင်ရာစနစ်   လုံခြုံ စိတ်ချကောင်းမွန်ရန် အကောင်းဆုံး  ဆောင်ရွက်ကြ ရန် ၎င်းက ဆက်လက်တိုက်တွန်းပြောကြားခဲ့သည်။ 

အင်န်အိတ်ချ်ကေ