ရန်ကုန် ဇွန် ၂၄
မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ်ရှိ လမ်းလျှောက်တံတားများ ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းဆုံရှိ ကန်တော်ကြီးလမ်းလျှောက် တံတားမုခ်ဦးနေရာ၌ ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့်အတွင်းရေးမှူး ဦးညွန့်ဖေတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။
တံတားများစစ်ဆေး
အခမ်းအနားသို့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော် ဝန်) ဦးဗိုလ်ဌေးနှင့် ဒုတိယ မြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တံတားများအပေါ်မှ ဖြတ်သန်း ကြည့်ရှုစစ်ဆေးရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ Aquamarine နှင့် Truxor စက်ယန္တရားကြီးများ ဖြင့် ကန်တော်ကြီးကန်အတွင်း အမှိုက်များ ဆယ်ယူရှင်းလင်း နေမှုနှင့် လမ်းလျှောက်တံတား ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည့် လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြသည်။
ကိုယ်လက်လှုပ်ရှားရန်
အဆိုပါ ကန်တော်ကြီးသဘာဝ ဥယျာဉ်ရှိ လမ်းလျှောက်တံတား များပေါ်တွင် အများပြည်သူများစိတ်ချမ်းမြေ့ပျော်ရွှင်စွာ အပန်း ဖြေအနားယူနိုင်ရန်၊ ကျန်းမာရေး အတွက် လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း များပြုလုပ်နိုင်ရန်၊ ကန်တော်ကြီး ကန်အတွင်းရှိ ပန်းခြံများသို့ လွယ်ကူစွာ လည်ပတ်သွားလာနိုင် ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကြံ့ခိုင်မှု အားနည်းလာသည့် ယခင်သစ်သားတိုင်အစား ပိုမိုခိုင် ခံ့ပြီးခေတ်မီလှပသည့် Precast RC Pile (Driven Pile) များဖြင့် တံတားတိုင်ကို လည်းကောင်း၊ သစ်သားကြမ်းခင်းနေရာများတွင် Steel Structure Menber UB များဖြင့်လည်းကောင်း၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဘဏ္ဍာရေး နှစ်အလိုက် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
လမ်းလျှောက်တံတား
အဆိုပါ ကန်တော်ကြီးအတွင်း လမ်းလျှောက်တံတား ခုနစ်ခုရှိပြီး ကရဝိက်ပန်းခြံမှ ပန်းကန်လုံး ကျွန်းပန်းခြံအထိ ၈၈၆ ပေ၊ ပန်းကန်လုံးကျွန်းပန်းခြံမှ ငါးပြ တိုက် အဟောင်းပန်းခြံအထိ ၃၂၀၅ ပေ၊ ငါးပြတိုက် ဟောင်းပန်း ခြံမှ ပုလဲကျွန်းပန်းခြံအထိ ပေ ၂၁၇၀၊ ပုလဲကျွန်းပန်းခြံမှ မဟာ မြိုင်ကျွန်းပန်းခြံထိ ပေ ၅၂၀၊ ရေချို ငါးဥယျာဉ်ပန်းခြံမှ ဗိုလ်ချုပ် ပန်းခြံထိ ပေ ၃၅၀၊ ဗိုလ်ချုပ်ပန်းခြံ မှ Rock Garden ကျွန်းအထိ ၁၂၆ ပေ၊ ဗိုလ်ချုပ်ပန်းခြံမှ ဘဲဥပုံလမ်း လျှောက်တံတားအထိ ပေ ၇၀ စုစုပေါင်းတံတားအရှည် ၇၃၀၇ ပေရှိကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်တော်ကြီး သဘာဝဥယျာဉ် ငါးပြတိုက်ဟောင်း ကျွန်းတွင် အများပြည်သူများ ကိုယ်လက် လှုပ်ရှားအားကစား ပြုလုပ်နေမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာနမှ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျွန်းပေါ်ရှိပန်းပင်များကို ပုံသွင်း အလှဆင်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးရာ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာန မှူး ဦးကိုကိုလင်းမှ ရှင်းလင်း တင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)



