
ဗီယင်ကျန်း ဇန်နဝါရီ ၂၄
ပြီးခဲ့သည့်နှစ်အတွင်း လာအိုနိုင်ငံတွင် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုး ပေးသည့်အစီအစဉ်မှာ ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်ခဲ့သည်။
သို့သော်လည်း လတ်တလောပေါ်ပေါက်လာသည့် ကူးစက်မှုများကြောင့် စိန်ခေါ်မှုများ ကျန်ရစ်နေဆဲဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် ပိုမိုများပြားသည့် လူဦးရေ ကာကွယ်ဆေးထိုးနှံမှု ခံယူရန် လိုအပ်သည်။ အစိုးရသည် ၂၀၂၁ ခုနှစ်တွင် လူဦးရေ ၏ ၅၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးပြီးဖြစ်ရမည်ဟူသော ရည်မှန်းချက် အတိုင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် ရောဂါ ကူးစက်မှုကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။
ပြည်သူများအပေါ်ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက် မှုများ လျော့နည်းစေရေးအတွက် စိုးရိမ်ဖွယ်ရှိသော အုပ်စုတိုင်းမှ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လာအိုကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ကျန်းမာရေးနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးဌာနမှ ညွှန်ကြား ရေး မှူးချုပ် ဖိုနက်ပ်ဆုအွန်နဖန်းက ပြောသည်။ ဆင်ဟွာ