
ဗန်းမော် ဇန်နဝါရီ ၅
ကချင်ပြည်နယ် ဗန်းမော်မြို့ တွင် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကာလတို သင်တန်းများ စဉ်ဆက် မပြတ် သင်တန်းပို့ချပေးနိုင်ရေး အတွက် ဒေသခံပြည်သူများ၏ တင်ပြချက်အရ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးကို မကြာမီဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ဗန်းမော်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ဖွင့်လှစ်သည်နှင့် ဒေသခံပြည်သူ များ၏ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကာလတိုသင်တန်းများ စဉ်ဆက်မပြတ် သင်တန်းပို့ချပေး မည်ဖြစ်ပြီး အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်လိုသူများအတွက် လုပ်ငန်းရှင်ဖြစ် သည်အထိ အထောက်အကူပြုနိုင် မည် ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
“ကချင်ပြည်နယ်မှာ ခရိုင် လေးခရိုင်ရှိတယ်။ ခရိုင်ရုံးကို သုံးခရိုင်မှာ ဖွင့်လှစ်မှာဖြစ်ပါ တယ်။ ဖွင့်မယ့်ခရိုင်ထဲမှာ ဗန်းမော်ခရိုင်ရုံးပါတယ်။ လက်ရှိ ဗန်းမော်ခရိုင်မှာ SME ဖွံ့ဖြိုးမှု အနေနဲ့ လုပ်ငန်းရှင် ၄၈ ဦးရှိပါ တယ်။ ဌာနရဲ့ GDP အရပြောရင် မြစ်ကြီးနားပြီးရင် ဗန်းမော် ကတော့ ဒုတိယလိုက်နေပါတယ်။ ဗန်းမော်ခရိုင်မှာရှိတဲ့ အသေးစား စက်မှုလက်မှု လုပ်ငန်းတွေက သင်တန်းတွေ ဖွင့်လှစ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုလာတဲ့ အတွက် ခရိုင်ရုံးဖွင့်လှစ်ပေးသွား မှာ ဖြစ်ပါတယ်”ဟု ကချင်ပြည် နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှူး ဦးအောင် မောင်းက ပြောသည်။
ဗန်းမော်မြို့တွင် ခရိုင်အသေး စား စက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနရုံး ဖွင့်လှစ်ပြီးပါက ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်း တိုးတက်ရရှိလာစေရေး၊ စိုက်ပျိုးရေးအခြေခံထွက်ကုန် သီးနှံများ တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်းပြည်ပ တင်ပို့နိုင် ရေး၊ ကြိမ်ဝါးလက်မှုထည်များ၊ ရက်ကန်းလုပ်ငန်းများနှင့် အသေး စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားရိုးရာ လက်မှုထည်များ တိမ်ကော ပပျောက်မှုမရှိစေရေးနှင့် ဒေသ စီးပွားဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)