
နတ်မောက် စက်တင်ဘာ ၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာနှင့် ဇလွန်မြို့နယ်တို့မှ မြို့နယ်ပြန်/ဆက်ဦးစီးမှူးများ၊ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှူးတို့နှင့် တွေ့ဆုံသည်။
ထို့နောက် ဟင်္သာတမြို့ရှိ မြန်မာ့ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်း များနှင့် တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံများ၏ ပြည်ဇုန်နယ်တာဝန်ခံ၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ပန်းတောင်း၊ သဲကုန်းနှင့် ပေါင်းတည် မြို့နယ်တို့မှ မြို့နယ် ပြန်/ဆက်ဦးစီးမှူးများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို မှာကြားသည်။
ယင်းနောက် ပြည်မြို့ရှိ မြန်မာ့ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်း များနှင့်တွေ့ဆုံ၍ စက်များပြုပြင်ထိန်းသိမ်းရေးနှင့် လုံခြုံရေးဆိုင်ရာများကို မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် အောင်လံမြို့နယ် ပြန်/ဆက်ရုံးကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် မိမိတို့ ရည်မှန်းချက်တာဝန်ဖြစ်သည့် ပြည်သူလူထု အား ပြန်ကြားပေးခြင်း၊ ဖျော်ဖြေခြင်းနှင့် အသိပညာ ပေးခြင်း လုပ်ငန်းများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရန်၊ ဦးဆောင်သူတာဝန်ရှိသူများက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လုပ်ငန်းတာဝန် များကို တွေးတောကြံဆပြီး ညီညွတ်စွာ ပူးပေါင်း လုပ်ဆောင်ကြရန်၊ နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်ပေးနေမှုများနှင့် ဆူပူ အကြမ်းဖက်မှုများ ပပျောက်ပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများ ပါဝင်ဆောင်ရွက်လာကြရေး သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ရန် မှာကြား ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)