
နေပြည်တော် ဇန်နဝါရီ ၁၄
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု(DIPD) ၏ဒါရိုက်တာ Mrs. Lisbeth Pilegaard အား ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် DIPD အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံရေးစနစ် ပိုမိုခိုင်မာအားကောင်းစေရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ များ အောင်မြင်စွာကျင်းပသွားနိုင်ရေး၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးများနှင့် လူငယ်များ စွမ်းဆောင်ရည်မြင့်မားရေးနှင့် နိုင်ငံရေးတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်နိုင်ရေး အတွက် အကူအညီပေးနိုင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်၊ အမျိုးသားလွှတ်တော်၊ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်