
နေပြည်တော် မတ် ၂၈
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများ အား သဇင် FM ၏ “ပြည်သူ့ ကြားက ပြည်သူ့စကား” အစီအစဉ် မှ “ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့ရှိ ဘုန်းတော်ကြီး ကျောင်းအား KNDF/ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ကြီး / လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် သံဃာတော်သုံးပါး အပါအဝင် အပြစ်မဲ့ ဒေသခံပြည်သူ ၁၇ ဦး ထိခိုက်သေဆုံးခဲ့မှု” ခေါင်းစဉ်ဖြင့် မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “KKO(ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများက မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နိုင်ငံ့ ဝန်ထမ်းတစ်ဦးနှင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးမှု” ခေါင်းစဉ် ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီ မှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉ - ၈၉၉၀ ၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင် လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက် အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
သတင်းစဉ်