ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်    မတ်    ၂၁


မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်   အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍  ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား   သဇင် FM ၏   “ပြည်သူ့ကြားက  ပြည်သူ့စကား”   အစီအစဉ်မှ “ရွှေစာရံဘုရားသို့    သွားရောက်သည့်   ဘုရားဖူးယာဉ်အား   PDF အမည်ခံအကြမ်းဖက်သမားများက    မိုင်း‌ထောင်ဖောက်ခွဲ   ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင်  ပြည်သူသုံးဦး  သေဆုံးမှု” ခေါင်းစဉ်ဖြင့်   မတ် ၂၂ ရက်  မွန်းလွဲ ၁ နာရီတွင်  ထုတ်လွှင့်တင်ဆက်  ပေးသွားမည်ဖြစ်သည်။

 


လာမည့်အပတ်  ဗုဒ္ဓဟူးနေ့   မွန်းလွဲ   ၁  နာရီတွင် “ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းအား KNDF/KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက် ကြီး /လက်နက်ငယ်များဖြင့်  ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် သုံးပါးအပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ ၁၇ ဦး ထိခိုက်သေဆုံးခဲ့”  ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေး လိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀  နာရီမှ ၁၁ နာရီအတွင်း   ဖုန်းနံပါတ်   ၀၉- ၈၉၉၀၉၉၅၉၅ သို့  အမည်၊   နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့်ဖုန်းနံပါတ်    တို့ကို  Message    ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့်   ပါဝင်လာသည့်   ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့်  ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။              

သတင်းစဉ်