
နေပြည်တော် ဖေဖော်ဝါရီ ၂၈
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အရာတော်မြို့နယ်၌ ဖြစ်ပွားခဲ့သော ကျောင်းကြိုပို့ယာဉ် မိုင်းခွဲ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ လူငယ်တွေရဲ့အနာဂတ်ကို ရိုက်ချိုးနေသည့် အနာဂတ်မဲ့အကြမ်းဖက်သမားလူငယ်များ” ခေါင်းစဉ် ဖြင့် မတ် ၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွား မည်ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “KNLA နှင့် PDF အကြမ်းဖက်သမားများက လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ အတွင်းသို့ Drop Bomb များ ပစ်ချဖောက်ခွဲခဲ့၍ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သော ကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ အတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင် နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ် များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်