ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်   ဧပြီ    ၂၅


မျက်မှောက်ကာလတွင်     ဖြစ်ပွားလျက်ရှိသော   လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ     ကိစ္စရပ်များနှင့်ပတ်သက်၍  ပရိသတ်များ၏  ရင်တွင်းခံစားချက်စကားသံများ အား   သဇင်  FM   ၏   “ပြည်သူ့ကြားက  ပြည်သူ့  စကား” အစီအစဉ်မှ   “စစ်ကိုင်းမြို့နယ်အတွင်း၌ PDF အမည်ခံအကြမ်းဖက်သမားများ၏ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ရေကစား နေသည့်ကျေးရွာသူ ကျေးရွာသားများနှင့်  ကလေး သူငယ်များ  သေဆုံးထိခိုက်ဒဏ်ရာရရှိမှု” ခေါင်းစဉ် ဖြင့် ဧပြီ  ၂၆ ရက်  မွန်းလွဲ ၁ နာရီတွင်  ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။

 


လာမည့်အပတ် ဗုဒ္ဓဟူးနေ့  မွန်းလွဲ ၁ နာရီတွင်  “ထားဝယ်မြို့နယ်၌  PDF အမည်ခံ အကြမ်းဖက် သမားများက     ခရီးသွားမော်တော်ယာဉ်အား  လက်နယ်ငယ်များဖြင့်    အကြောင်းမဲ့ပစ်ခတ်မှု ကြောင့်     အပြစ်မဲ့ပြည်သူ    အမျိုးသမီးတစ်ဦး  သေဆုံးမှု”   ခေါင်းစဉ်ဖြင့်   ဆွေးနွေးတင်ဆက် မည်ဖြစ်သောကြောင့်    ပါဝင်ဆွေးနွေးလိုသူ  ပရိသတ်များအနေဖြင့်    အပတ်စဉ် ကြာသပတေးနေ့    နံနက် ၁၀  နာရီမှ ၁၁ နာရီအတွင်း  ဖုန်းနံပါတ်  ၀၉- ၈၉၉၀၉၉၅၉၅ သို့  အမည်၊   နေရပ်လိပ်စာ၊  အလုပ်အကိုင်နှင့်        ပြန်လည်ဆက်သွယ်ရမည့်  ဖုန်းနံပါတ်တို့ကို  Message  ပေးပို့ပါဝင်နိုင်ပြီဖြစ်  ကြောင်းနှင့်     ပါဝင်လာသည့်   ပရိသတ်များ၏    ဖုန်းနံပါတ်များနှင့်    ကိုယ်ရေးအချက်အလက်များ အား    လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း   သိရ သည်။    

                                     
သတင်းစဉ်