“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်ထုတ်လွှင့်မည်


 

နေပြည်တော်   ဒီဇင်ဘာ   ၂၇
မျက်မှောက်ကာလတွင်   ဖြစ်ပွားလျက်ရှိသော  လုံခြုံရေး၊  တရားဥပဒေစိုးမိုး‌ရေးနှင့်  အကြမ်းဖက်မှု  တားဆီးရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ပြည်သူ အပေါ်  မဟုတ်မမှန်ဝါဒဖြန့်  သွေးထိုးလှုံ့ဆော်နေသော  ပြည်ဖျက်မီဒီယာများ”  ခေါင်းစဉ်ဖြင့်  ဒီဇင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ဒီဇင်ဘာ ၁၄ ရက်၌  ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင် အား လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ သေနတ်ဖြင့် အကြောင်းမဲ့ ရက်စက်စွာ  ပစ်ခတ်သတ်ဖြတ်မှု”  ခေါင်းစဉ်ဖြင့်  ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့်   ပါဝင်ဆွေးနွေးလိုသူ   ပရိသတ်များအနေဖြင့် အပတ်စဉ် အင်္ဂါနေ့ မနက် ၁၀ နာရီအချိန်မှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့ကို  Message  ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်း၊ ပါဝင်လာသည့် ပရိတ်သတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို  လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေးကြေညာထားကြောင်း သိရသည်။
သတင်းစဉ်