
နေပြည်တော် ဇူလိုင် ၁၆
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်း ဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစား ချက်စကားသံများအား သဇင် FM ၏ “ပြည်သူချင်းသတ်ဖြတ်ခဲ့လို့ တိုင်းပြည်ဒုက္ခ ရောက်ခဲ့ရတဲ့ အတိတ်ကာလကို သင်ခန်းစာ မယူနိုင်သေးသော အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ဥပဒေမရှိ လက်နက်အားကိုးနဲ့ အာဏာပြ ဖိနှိပ်ခြိမ်းခြောက်လျက်ရှိတဲ့ အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည် ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ် များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက် အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်