နေပြည်တော် နိုဝင်ဘာ ၁
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများ အား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ KKO ခွဲထွက်အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာ များအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိခဲ့” ခေါင်းစဉ်ဖြင့် ၄-၁၁-၂၀၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးမြို့နယ် မကျီးတုံကျေးရွာရှိ အခြေခံပညာ အလယ် တန်းကျောင်းခွဲအား PDF များမှ Drop Bomb များဖြင့် ဖြုတ်ချ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက် မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ် အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေး ထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



