ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်  စက်တင်ဘာ  ၆


မျက်မှောက်ကာလတွင်   ဖြစ်ပွားလျက်ရှိသော  လုံခြုံရေး၊   တရား ဥပဒေစိုးမိုးရေးနှင့်   အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ  ကိစ္စရပ်များ နှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများ အား သဇင် FM၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မန္တလေးမြို့၌  စီအိုင်ဒီရဲမှူးဆိုပြီး အရပ်သားနှစ်ဦးအား မှားယွင်း သတ်ဖြတ်” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီတွင်  ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။ 

 


လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင်  “ဒလန်အကြောင်း ပြ ဓားပြတိုက်သူများ”   ခေါင်းစဉ်ဖြင့်   ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့်   ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့်  အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ အတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊    အလုပ်အကိုင်နှင့်   ပြန်လည်ဆက်သွယ်ရမည့်    ဖုန်းနံပါတ်တို့ကို   Message   ပေးပို့ ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့်  ပရိသတ်များ၏   ဖုန်းနံပါတ်များနှင့်  ကိုယ်ရေးအချက်အလက်များအား    လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်