ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်  ဩဂုတ်    ၃၀


မျက်မှောက်ကာလတွင်   ဖြစ်ပွားလျက်ရှိသော  လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေးနှင့်   အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများ အား သဇင် FM၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ အား   အဓိက ငွေကြေးထောက်ပံ့နေသည့် မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်  ကျော်သူရ အပါ အဝင် တရားခံများအား ဖမ်းဆီးရမိ” ခေါင်းစဉ်ဖြင့်  ဩဂုတ် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင်  ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။ 

 


လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင်  “မန္တလေးမြို့၌ စီအိုင်ဒီရဲမှူးဆိုပြီး  အရပ်သား ၂ ဦးအား    မှားယွင်းသတ်ဖြတ်”   ခေါင်းစဉ်ဖြင့်   ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့်   ပါဝင် ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့်  အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ အတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊    အလုပ်အကိုင်နှင့်   ပြန်လည် ဆက်သွယ်ရမည့်   ဖုန်းနံပါတ်တို့ကို   Message   ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏  ဖုန်းနံပါတ်များနှင့်  ကိုယ်ရေး အချက်အလက်များအား    လျှို့ဝှက်ပေးထားမည် ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်