“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်


 

နေပြည်တော်    မေ   ၃၀
မျက်မှောက်ကာလတွင်   ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်    အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ   ကိစ္စရပ်များနှင့် ပတ်သက်၍  ပရိသတ်များ၏  ရင်တွင်းခံစားချက်  စကားသံများကို သဇင် FM ၏   “ ပြည်သူ့ကြားက ပြည်သူ့စကား”   အစီအစဉ်မှ  “၂၀၂၂-၂၀၂၃      ပညာသင်နှစ်အတွက်    ခြိမ်းခြောက်မှုများကြားက ပညာရှာကြမယ့် အနာဂတ်ရဲ့ မျိုးဆက်သစ်များ”   ခေါင်းစဉ်ဖြင့်   ဇွန်  ၁  ရက်မွန်းလွဲ  ၁  နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်သည်။
ထို့ပြင် လာမည့်အပတ်  ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင်    “စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့တွင် PDF အမည်ခံ အကြမ်းဖက်သမား များ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အမှတ်(၈) အခြေခံပညာအထက်တန်း ကျောင်းရှိ    စာသင်ကျောင်းဆောင်   နှစ်ဆောင်နှင့်   စာသင်ခုံများ  မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်”နှင့်      ပတ်သက်သည့် ခေါင်းစဉ်ဖြင့်  ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့်    ပါဝင်ဆွေးနွေး လိုသူ  ပရိသတ်များအနေဖြင့်   အပတ်စဉ်   ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁  နာရီအတွင်း  ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့   အမည်၊   နေရပ်လိပ်စာ၊  အလုပ်အကိုင်နှင့်    ပြန်လည်ဆက်သွယ်ရမည့်   ဖုန်းနံပါတ်တို့ကို    Message   ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့်   ပါဝင်လာသည့်   ပရိသတ်များ၏   ဖုန်းနံပါတ်များနှင့်   ကိုယ်ရေး အချက်အလက်များကို  လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။                       
သတင်းစဉ်