
နေပြည်တော် ဇွန် ၂၉
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို ကိုယ်တိုင်ပါဝင် ထမ်းဆောင်နိုင်ရေးအတွက် မိမိ သဘောဆန္ဒအလျောက် စာရင်း ပေးသွင်းပြီး သင်တန်းတက်ရောက် ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁) သင်တန်း ဆင်းပွဲ အခမ်းအနားများကို ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်းကျောင်းများ၌ ကျင်းပ ပြုလုပ်သည်။
ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်း အသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲများ ပြုလုပ်ခဲ့ ကြသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲ များတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီတေးဂီတအဖွဲ့နှင့် နယ်လှည့် ပြည်သူ့ဆက်ဆံရေး အဖွဲ့များက နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ သင်တန်းကျောင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ သင်တန်းကျောင်း များ၌လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ သင်တန်း ကျောင်းများ၌လည်းကောင်း၊ ပဲခူး တိုင်းဒေသကြီးအတွင်းရှိ သင်တန်း ကျောင်း၌လည်းကောင်း၊ မကွေး တိုင်းဒေသကြီးအတွင်းရှိ သင်တန်း ကျောင်း၌ လည်းကောင်း၊ ရှမ်း ပြည်နယ်အတွင်းရှိ သင်တန်း ကျောင်းများ၌လည်းကောင်း သွား ရောက် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ ကြရာ ပြည်သူ့စစ်မှုထမ်းသင်တန်း သားများက စိတ်လက်ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှု အားပေး၍ လွတ်လပ် ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင် သီဆိုခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်