ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများ

 

ကင်းလွတ်ခွင့်
ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ် စေရမည်ဟု ပြဋ္ဌာန်းထားပါသည် -
(က)    သာသနာ့ဝန်ထမ်းများ။
( ခ )    အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)။
( ဂ )    ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။
(ဃ)    တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က    ပြည်သူ့စစ်မှုထမ်းရန်   အမြဲတမ်းမသင့်လျော်သူ ဖြစ်ကြောင်း သတ်မှတ်ထားသူများ။
( င )    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ။
လျှော့ပေါ့ခွင့်
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ လျှော့ပေါ့ခွင့်ပြုသူများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    လျှောက်ထားသူ၏ မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန် ထမ်းဆောင်နေဆဲ ဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့် အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင် ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ တစ်ဝက်အထိ လျှော့ပေါ့ပေးနိုင်သည်။ 
( ခ )    လျှောက်ထားသူ၏ မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါက  လည်းကောင်း၊  အဆိုပါလျှောက်ထားသူအား  ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ သုံးပုံတစ်ပုံအထိ လျှော့ပေါ့ပေးနိုင်သည်။
( ဂ )    ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ထိခိုက်ဒဏ်ရာရရှိခြင်း များရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့်နေ့နောက်ပိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့် ကာလအား လျှော့ပေါ့ပေးနိုင်သည်။
ရွှေ့ဆိုင်းခွင့်
ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ၊ ၁၅(က)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး   တိုင်းဒေသကြီး   သို့မဟုတ်   ပြည်နယ်အဖွဲ့မှ   တင်ပြလာသော   ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို   စိစစ်ရာတွင်   အောက်ပါအချက်များနှင့်   အကျုံးဝင်သောပုဂ္ဂိုလ်များအား   ပြည်သူ့ စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်-
(က)    ယာယီအားဖြင့်  စစ်မှုထမ်းနိုင်မည့်  ကျန်းမာရေးအဆင့်မမီကြောင်း  သက်ဆိုင်ရာ  တပ်မတော် ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ။
( ခ )    နိုင်ငံ့ဝန်ထမ်းများ။
( ဂ )    ပညာသင်ကြားနေသူများ။
(ဃ)    အခြားပြုစုစောင့်ရှောက်မည့်သူမရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ။
( င )    မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ။ 
( စ )    ထောင်ဒဏ်ကျခံနေသူများ။