
နေပြည်တော် စက်တင်ဘာ ၁၅
ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်နေသည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်း အခန်း ၁၀၀၀၀ ၏ ပထမအဆင့် အခန်းပေါင်း ၅၀၀၈ ခန်းကို အသင်းချုပ် သုံးသင်းနှင့် အသင်းဝင် ကုမ္ပဏီများ၏တာဝန်ယူမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ နေပြည်တော်တွင် ၁၀၀ ရာခိုင်နှုန်း၊ ရန်ကုန်တွင် ၆၉ ရာခိုင်နှုန်းနှင့် မန္တလေးတွင် ၉၅ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးလျက်ရှိပါ ကြောင်း၊ အသင်းချုပ်များမှလည်း စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြီးပြတ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ပြောကြားသည်။
ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီး ကော်မတီ၏ (၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ ညွှန်ကြားချက်များနှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ အငှားအိမ်ရာ စီမံကိန်းများကို နေပြည်တော်တွင် အဆောက်အဦ ၂၅ လုံး ၊ ရန်ကုန်တွင် အဆောက်အဦ ၁၉၄ လုံး ၊ မန္တလေးတွင် အဆောက်အဦ ၉၁ လုံး တည်ဆောက်နေသည့်အတွက် စီမံကိန်းပမာဏ ကြီးမားသည်နှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီ စေရေးနှင့် အချိန်မီပြီးစီးနိုင်ရန် အသင်းချုပ် သုံးသင်း၊ QC အဖွဲ့များနှင့် စီမံကိန်းလုပ်ငန်း ကြီးကြပ်သူ များအနေဖြင့် အချိတ်အဆက်မိမိဖြင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်အဝဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး သည့် အိမ်ရာများတွင် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ များနေထိုင်နိုင်ရန် နေရာချထားပေးရေးအစီအမံများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေတို့ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြပြီး လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့အငှားအိမ်ရာ တည်ဆောက် ရေးဦးစီးကော်မတီအတွင်းရေးမှူး ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ဘဏ္ဍာ ငွေရရှိမှု၊ စီမံခန့်ခွဲပေးချေမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက စာချုပ်ပါ စည်းကမ်းချက်များနှင့် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ကဏ္ဍအလိုက် အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်(MLCA)နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း (MDA) တို့မှ နာယက၊ ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့က လက်ရှိအိမ်ရာ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ဘဏ္ဍာငွေကြေး ဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်တို့က ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ရေ၊ မီးရရှိ ရေးကိစ္စများ၊ အိမ်ရာအတွင်းနေထိုင်သူများ သွားလာ ရေး လွယ်ကူအဆင်ပြေစေရန် သယ်ယူပို့ဆောင်ရေး ကဏ္ဍဆောင်ရွက်မည့် အစီအစဉ်များ၊ အိမ်ရာ စီမံကိန်းဧရိယာအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် လုံခြုံစိတ်ချစွာ နေထိုင်နိုင် ရေးအတွက် လုံခြုံရေးအပိုင်းနှင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုတို့အပါ် ပြည်ထောင်စုဝန်ကြီး က စီမံကိန်းလုပ်ငန်းများ အောင်မြင်ရန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်အချိန်မီပြီးရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်