ပြည်သူ့အငှားအိမ်ရာ အခန်း ၁၀၀၀၀ စီမံကိန်း၏ ပထမအဆင့် အခန်းပေါင်း ၅၀၀၈ ခန်းကို အသင်းချုပ်များ၏ တာဝန်ယူဆောင်ရွက်မှုဖြင့် တည်ဆောက်လျက်ရှိ

 

နေပြည်တော်   ဇွန်   ၂၄


ဝင်ငွေနည်းပြည်သူများနေထိုင်ရေး အဆင်ပြေစေရန်၊ ဆောက်လုပ်ရေးကဏ္ဍမှတစ်ဆင့်   အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်နှင့်  တည်ဆောက်ရေး လုပ်ငန်းများ    အရည်အသွေး၊   စံချိန်ပြည့်မီစွာဖြင့် သတ်မှတ်အချိန်မီပြီးစီးနိုင်ရန် ရည်ရွယ်၍ ပြည်သူ့ အငှားအိမ်ရာ   တည်ဆောက်ရေးစီမံကိန်းဦးစီး ကော်မတီ၏ (၁၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၁ နာရီခွဲတွင်   နေပြည်တော်  ဆောက်လုပ်ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


နိုင်ငံတော်၏ ဘဏ္ဍာငွေများ အကျိုးရှိစေရန်


ညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဦးစီးကော်မတီဥက္ကဋ္ဌ  ဆောက်လုပ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးရွှေလေးက ကိုဗစ်-၁၉    စီးပွားရေးကုစားမှု   အစီအစဉ်အရ ဆောင်ရွက်နေသည့်   ပြည်သူ့အငှားအိမ်ရာ  အခန်း ၁၀၀၀၀ စီမံကိန်း၏  ပထမအဆင့်   အခန်းပေါင်း ၅၀၀၈    ခန်းကို   အသင်းချုပ်များ၏   တာဝန်ယူ ဆောင်ရွက်မှုဖြင့် တည်ဆောက်လျက်ရှိရာ ယခုအခါ နေပြည်တော်တွင် ၉၈ ရာခိုင်နှုန်း၊   မန္တလေးတွင် ၉၀ ရာခိုင်နှုန်းနှင့် ရန်ကုန်တွင် ၅၆ ရာခိုင်နှုန်းအထိ အသီးသီး    ပြီးစီးလျက်ရှိပြီဖြစ်ကြောင်း၊   ရန်ပုံငွေ အားဖြင့်  ပြည်ထောင်စုမှ    ၉၃   ဘီလီယံခန့် နှင့် တိုင်းဒေသကြီးမှ ၁၂ ဒသမ ၅ ဘီလီယံ  စုစုပေါင်း ၁၀၅ ဘီလီယံကျော် သုံးစွဲထားပြီးဖြစ်သည့်အတွက်   နိုင်ငံတော်၏    ဘဏ္ဍာငွေများ   အကျိုးရှိစေရန်နှင့် ဆောက်လုပ်ရေး      နည်းပညာစီမံခန့်ခွဲမှုများ ထိရောက်မှုရှိစေရန်အတွက်    အဆောက်အအုံနှင့် Infrastructure  လုပ်ငန်းများကို   ပြီးပြတ်အောင် ဆောက်လုပ်သွားရန် လိုအပ်ကြောင်း။

 


ပြည်သူ့အငှားအိမ်ရာ  စီမံကိန်းများကို  နေပြည် တော်တွင်  အဆောက်အအုံ ၂၈ လုံး၊ ရန်ကုန်တွင် အဆောက်အအုံ  ၁၉၄ လုံး၊ မန္တလေးတွင် အဆောက် အအုံ   ၉၁   လုံး    တည်ဆောက်နေသည့်အတွက် စီမံကိန်းပမာဏကြီးမားသည်နှင့်အညီ     လုပ်ငန်း အရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရန် အသင်းချုပ် သုံးသင်း ၊ QC  အဖွဲ့များနှင့်   လုပ်ငန်း ကြီးကြပ်သူ PMU များအနေဖြင့် အချိတ်အဆက်မိမိ ဖြင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက် ရန်လည်း လိုအပ်ကြောင်း။

 


အသင်းချုပ်များအနေဖြင့်    မြေပြင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ ရှိသော်လည်း ငွေတောင်းခံရာ တွင်  ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အစည်းအဝေး တက်ရောက်လာသူများအနေဖြင့် စီမံကိန်းအောင်မြင် စွာ ပြီးစီးနိုင်ရေးအတွက်   လိုအပ်ချက်များ   ဝိုင်းဝန်း အကြံပြု    ဆွေးနွေးပေးစေလိုကြောင်း  ပြောကြားသည်။

 


ထို့နောက်  ပြည်သူ့အငှားအိမ်ရာစီမံကိန်းဦးစီးကော်မတီ အတွင်းရေးမှူး ဆောက်လုပ်ရေးဝန်ကြီး ဌာန   ဒုတိယဝန်ကြီးက နေပြည်တော်၊  ရန်ကုန်နှင့် မန္တလေးတို့တွင်   ပြည်သူ့အငှားအိမ်ရာ   စီမံကိန်း လုပ်ငန်းများကို  တစ်ပြိုင်တည်းဆောင်ရွက်နေမှု၊ လက်ရှိ   ပထမအဆင့်တွင်  စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊    ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း တင်ပြသည်။

 


ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါ်သန်းသန်းလင်းက  စီမံကိန်း ဆောင်ရွက်ရာတွင်  ဘဏ္ဍာရေးဆိုင်ရာ   စည်းမျဉ်း စည်းကမ်းများအား (၁/၂၀၂၂) ညွှန်ကြားချက်များ၊  လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ လုပ်ငန်းပိုင်းဆိုင်ရာ   ပြီးစီးမှုအပေါ်     မူတည်ပြီး ဆက်လက်ဆောင်ရွက်လိုသည့် လုပ်ငန်းများအလိုက် ရန်ပုံငွေ    တင်ပြတောင်းခံမှုတို့နှင့်    စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြသည်။

 


စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု


ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူး ကြီး  မင်းနောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် မန္တလေးတိုင်း ဒေသကြီး  အစိုးရအဖွဲ့၊  သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်တို့က  အိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ အရည်အသွေးဆိုင်ရာ ကိစ္စရပ် များ၊     လုပ်ငန်းတိုးတက်မှုနှင့်     ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များ၊ ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များနှင့်  ပတ်သက်၍  သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး အကြံပြု  ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက်   အစည်းအဝေးသို့    တက်ရောက် လာကြသည့်    သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့်   ဒုတိယညွှန်ကြားရေးမှူးချုပ်၊   မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) ၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA) နှင့် မြန်မာမြို့ပြနှင့်  အခြေခံ အဆောက်အအုံ  ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA)  တို့မှ   ဥက္ကဋ္ဌများက    သက်ဆိုင်ရာကဏ္ဍ အလိုက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က   အစည်းအဝေးတွင်    အတည်ပြုချက်များ၊ ဆုံးဖြတ်ရန်အချက်များ  ချမှတ်ပေးပြီး   စီမံကိန်း လုပ်ငန်းများ အောင်မြင်ရန်နှင့် သတ်မှတ် အချိန်မီ ပြီးစီးရေးအတွက်  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ပေးကြောင်း   သိရသည်။                                          
     

သတင်းစဉ်