ပြည်ပသွင်းကုန်များ၏ အရည်အသွေးနှင့်ယှဉ်နိုင်အောင် ထုတ်လုပ်နိုင်ရေး

 

ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းကြောင့် နိုင်ငံသားအချို့အနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်၍ ဝင်ငွေရရှိအောင် ဆောင်ရွက်နေရကြောင်း၊ ပြည်တွင်းထုတ်ကုန်နှင့်ပတ်သက်၍ ပြည်တွင်း၌ မော်တော် ယာဉ်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုပြီး အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်းမှ ထုတ်လုပ်သည့် ပစ္စည်းများကို ပြည်ပသွင်းကုန်များ၏ အရည်အသွေးနှင့် ယှဉ်နိုင်အောင် ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်းစီးပွားရေး တိုးတက်စေရန်အတွက် အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ လျှပ်စစ်အသုံးပြုသည့် မော်တော်ယာဉ်များ ပြည်တွင်း၌ထုတ်လုပ်၍ သုံးစွဲနိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုး ရှိမည်ဖြစ်ကြောင်း။


( နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၃-၁၂-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)