ပြည်ပသို့ ကော်ဖီတိုးတက်တင်ပို့နိုင်ရေးနှင့် ကော်ဖီဧက တစ်သိန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်  ဧပြီ    ၂၇
ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုဆိုင်ရာ   အစည်းအဝေးကို ယနေ့   နံနက်ပိုင်းက စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် ဆည်မြောင်း      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး   အစည်း အဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့   ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့်      ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ ကော်ဖီအသင်းဥက္ကဋ္ဌနှင့်   အမှုဆောင်များ၊  ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
 

အစည်းအဝေး        တွင် ပြည်ထောင်စုဝန်ကြီးက  မြန်မာ့ ကော်ဖီကို လက်ရှိဈေးကွက်အပြင် ဈေးကွက်အသစ်သို့    တင်ပို့ ရောင်းချပေးရန် အဆိုပြုဖိတ်ခေါ် မှုရှိလာသဖြင့် ပြည်တွင်းကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင် ရေးအတွက်     လိုအပ်ချက်များ ကို မြန်မာနိုင်ငံကော်ဖီအသင်း၏ ဦးဆောင်မှုဖြင့် ကော်ဖီလုပ်ငန်းရှင် များစုဖွဲ့၍ စနစ်တကျ စီမံဆောင် ရွက်နိုင်ရန် ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်တွင်း စားသုံးမှုနှင့် လက်ရှိပြည်ပတင်ပို့နေမှုများအပြင် ဈေးကွက်အသစ် သို့ တင်ပို့နိုင်ရန်   ကော်ဖီတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရာ၌     ကော်ဖီ စိုက်တောင်သူများ၊       ကော်ဖီ လုပ်ငန်းရှင်များ၏ ရေရှည်အကျိုး စီးပွားနှင့်     ကော်ဖီပို့ကုန်ကဏ္ဍ တည်ငြိမ်စွာ  ဆောင်ရွက်နိုင်ရေး အတွက် ဈေးကွက်အလားအလာ ကို လေ့လာသုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ကော်ဖီ ကဏ္ဍဖွံ့ဖြိုးရေးအတွက် နိုင်ငံတော် က မူဝါဒများ ချမှတ်နိုင်ရေးနှင့် လိုအပ်သော      ထောက်ပံ့ကူညီမှု များ     ဆောင်ရွက်ပေးနိုင်ရေးတို့ အတွက်  ကော်ဖီစိုက်ပျိုးမှု၊  ထုတ် လုပ်မှု၊   တင်ပို့ရောင်းချမှုဆိုင်ရာ လိုအပ်သောကိန်းဂဏန်း စာရင်း ဇယားများတိကျမှန်ကန်စွာ အသုံး ပြုနိုင်ရေးကို မြန်မာနိုင်ငံကော်ဖီ အသင်းအနေဖြင့် ပြင်ဆင်ဆောင် ရွက်ပေးနိုင်ရန်     တိုက်တွန်းပါ ကြောင်း ဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍  စိုက်ပျိုးရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြည်တွင်း ၌ လက်ရှိစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော  ကော်ဖီစိုက်ပျိုးထုတ်လုပ် မှုနှင့်   သက်ဆိုင်ရာဌာနများမှ ကောက်ယူထားသည့်  စာရင်းများ အရ  ၂၀၂၃ -  ၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း တိုင်းဒေသကြီး/ပြည်နယ် များအလိုက် ကော်ဖီဆန်ထွက်ရှိမှု၊ ရောင်းချပြီးစီးမှုနှင့်     ခန့်မှန်း လက်ကျန်စာရင်း၊    ကော်ဖီစေ့၊ ကော်ဖီမှုန့်၊   ကော်ဖီမစ်အမျိုးမျိုး တင်ပို့မှု၊ ကော်ဖီစိုက်ဧက တစ်သိန်း တိုးချဲ့  စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် အကောင်အထည်ဖော်   ဆောင် ရွက်မည့်စိုက်ဧရိယာ  လျာထား ချက်၊     ကော်ဖီခင်းများတွင် ကျရောက်လျက်ရှိသော   ပင်စည် ထိုးပိုး    ကာကွယ်နှိမ်နင်းရေး ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်  အစီအစဉ်များ၊  မြန်မာနိုင်ငံ  ကော်ဖီအသင်းက ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ် သည့် အချက်များ ၊ ဈေးကွက်ဝေစု ရယူလိုသောနိုင်ငံများ၏ ကော်ဖီ သောက်သုံးမှုနှင့်  ကော်ဖီလိုအပ် ချက်၊ မြန်မာ့ကော်ဖီများ တင်ပို့နိုင် မည့်အလားအလာတို့ကို ရှင်းလင်း တင်ပြသည်။
ဈေးကွက်ချဲ့ထွင်နိုင်ရေး
ထို့နောက် မြန်မာနိုင်ငံကော်ဖီ အသင်းဥက္ကဋ္ဌနှင့် ကော်ဖီလုပ်ငန်း ရှင်များက     ပြည်တွင်းကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု လိုအပ်ချက် များနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး အတွက်     ဆောင်ရွက်ရမည့် လုပ်ငန်း     လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။
နှစ်အလိုက်တိုးချဲ့စိုက်ပျိုး
မြန်မာ့ကော်ဖီကို ပြည်ပဈေး ကွက်၏ ဝယ်လိုအားတောင်းဆိုမှု များမြင့်တက်လာလျက် ရှိနေသဖြင့် ကော်ဖီစိုက်ပျိုးသူ၊   ထုတ်လုပ်သူ၊    ရောင်းဝယ်သူများနှင့်   လုပ်ငန်း စဉ်ကွင်းဆက် တစ်လျှောက်တွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေအကျိုးအမြတ်    အလား အလာကောင်းများ ရှိနေကြောင်း၊ ၂၀၂၂ - ၂၀၂၃ ခုနှစ် ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုစာရင်းများအရ   တစ် နိုင်ငံလုံး၌ ကော်ဖီဧက ၅၀၀၀၀ ကျော် စိုက်ပျိုးလျက်ရှိရာ ပြည်ပ ပို့ကုန်ကဏ္ဍ     မြှင့်တင်နိုင်ရေး အတွက် မြေလွတ်၊  မြေလပ်နှင့် မြေရိုင်းများကို အဓိကအသုံးပြု၍ ဘဏ္ဍာနှစ်အလိုက်တိုးချဲ့စိုက်ပျိုးပြီး စုစုပေါင်းကော်ဖီဧက တစ်သိန်း အထိ      စိုက်ပျိုးထုတ်လုပ်ရန် လျာထား    ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 
သတင်းစဉ်