ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်

========================================================================

 

နေပြည်တော် အောက်တိုဘာ ၁၄

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ကိုရီးယားသမ္မတနိုင်ငံတွင် စာချုပ်သက်တမ်းကျော်လွန်၍ မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသော JSM International Ltd., မှ မြန်မာသင်္ဘောသား ၁၄၅ ဦးအား ဆိုးလ်မြို့ မြန်မာသံရုံး နှင့် ၎င်းတို့ကုမ္ပဏီမှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက် ရှိခဲ့ကြသည်။

 

ထို့ပြင် အိုမန်၊ ဘာရိန်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများအား ရီယာဒ်မြို့ မြန်မာသံရုံးမှ စီစဉ်သည့် (၁၀)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ သည်။

 

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဘာရိန်းမှ လေးဦး၊ ကာတာမှ ခုနစ်ဦး၊ အိုမန်မှ ခုနစ်ဦး၊ ယူအေအီးမှ ၈၄ ဦး၊ ဗြိတိန်မှ နှစ်ဦး၊ သီရိလင်္ကာမှ ခြောက်ဦး၊ နော်ဝေမှ နှစ်ဦး၊ အီတလီမှ သုံးဦး၊ တောင်အာဖရိကမှ ခြောက်ဦး၊ ဩစတြီးယားမှ တစ်ဦး၊ ဘင်္ဂလားဒေ့ရှ်မှ တစ်ဦး၊ ရုရှားမှ လေးဦး၊ ပြင်သစ်မှ သုံးဦး၊ ယူအေအီးနှင့် ကာတာမှ မြန်မာ သင်္ဘောသား ၃၅ ဦးအပါအဝင် စုစုပေါင်း မြန်မာနိုင်ငံသား ၁၆၅ ဦး လိုက်ပါခဲ့ကြသည်။

 

တာဝန်ယူဆောင်ရွက်ပေး

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ် များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြား ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 

သတင်းစဉ်