ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို နယ်စပ်ဂိတ်များတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ  ၁၀


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ် ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၉ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊  ရန်လုံကျိုင်းတံတားမှ   အမျိုးသား တစ်ဦး၊  ရှမ်း ပြည်နယ်အရှေ့ပိုင်း    တာချီလိတ်မြို့   မြန်မာ- ထိုင်း ချစ်ကြည်ရေး တံတားမှ အမျိုးသား ၁၀၇ ဦး၊ အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၁၅၈ ဦးနှင့် ကရင်ပြည်နယ်   မြဝတီမြို့   မြန်မာ-ထိုင်း   ချစ်ကြည်ရေးတံတားမှ အမျိုးသား ၂၇၉ ဦး၊  အမျိုးသမီး ၂၁၄ ဦး   စုစုပေါင်း ၄၉၃ ဦးတို့ကို လက်ခံခဲ့သည်။ 


ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက် အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို    ရှင်းလင်းပြောကြားခြင်းတို့ကို   စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများက   လိုအပ်သည်များ  ကူညီဆောင်ရွက်ပေး ကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေး သည့်   ခရီးသည်တင်မော်တော်ယာဉ်များဖြင့်  ၎င်းတို့နေရပ်အသီးသီး သို့    လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့်   ရောဂါပိုးတွေ့ရှိသူများကို သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်