
နေပြည်တော် အောက်တိုဘာ ၂
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင် ဘာ ၂၉ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သားခြောက်ဦး၊ အမျိုးသမီး လေးဦး၊ စုစုပေါင်း ၁၀ဦး၊ မူဆယ် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၄ ဦး၊ အမျိုးသမီး ၆၆ ဦး၊ စုစုပေါင်း ၁၇၀ တို့ကို လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက်တွင် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သမီးတစ်ဦးကို လည်းကောင်း၊ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) တာချီလိတ်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၁၂၁ ဦး၊ အမျိုးသမီး ၇၉ ဦး၊ စုစု ပေါင်း ၂၀၀ နှင့် ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၂၀၂ ဦး၊ အမျိုး သမီး ၁၉၆ ဦး၊ စုစုပေါင်း ၃၉၈ ဦး တို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့သည်။
လိုအပ်သည်များ ကူညီပေး
ထိုသို့ လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထားစာရွက် စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန် ကြားချက်များကို ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကလိုအပ်သည်များ ကူညီဆောင် ရွက်ပေးကြသည်။
နေရပ်သို့ပို့ဆောင်ပေး
ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များက စီစဉ် ဆောင်ရွက်ပေးသည့် ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါ ပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ် များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်