ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ  ၂၄


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့်      မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်       အသီးသီးတွင်  လက်ခံဆောင်ရွက်ပေးလျက်ရှိရာ  အောက်တိုဘာ    ၂၃   ရက်တွင် ရှမ်းပြည်နယ်     (မြောက်ပိုင်း) ချင်းရွှေဟော်မြို့သို့    အမျိုးသား တစ်ဦး၊   အမျိုးသမီး   တစ်ဦးကို လည်းကောင်း၊  ယနေ့တွင် ကရင် ပြည်နယ် မြဝတီမြို့သို့ အမျိုးသား ၂၆၂  ဦး၊  အမျိုးသမီး ၂၃၇ ဦး စုစုပေါင်း ၄၉၉ ဦးကိုလည်းကောင်း လက်ခံခဲ့သည်။ 

 


ထိုသို့         လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ  ကျန်းမာရေးဆိုင်ရာ   တာဝန်ရှိ သူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက    ကိုဗစ်- ၁၉    ရောဂါ စစ်ဆေးပေးခြင်း၊  Quarantine ဝင်ရောက်ရမည့်         အထောက် အထား        စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊    ကျန်းမာရေး ဝန်ကြီးဌာန၏   ညွှန်ကြားချက် များကို ရှင်းလင်းပြောကြားခြင်း  တို့ကို စနစ်တကျဆောင်ရွက်ပေး ပြီး  တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊       ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည် များ     ကူညီဆောင်ရွက်ပေးကြ သည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့်       ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့်     ရောဂါပိုးတွေ့ရှိ သူများကို သက်ဆိုင်ရာနေရာများ တွင်    သီးသန့်ထားရှိ၍    လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့်  အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကိုအဆင်ပြေ       ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်