ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

 

နေပြည်တော်   အောက်တိုဘာ    ၅


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများကို  နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တို ဘာ  ၄  ရက်တွင်  ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့   မြန်မာ-တရုတ်  နှစ်နိုင်ငံနယ်စပ် နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၁၂၅ ဦး၊   အမျိုးသမီး  ၇၀   စုစုပေါင်း ၁၉၅ ဦးနှင့် လောက်ကိုင်မြို့       ရန်လုံကျိုင်းတံတားမှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို လက်ခံခဲ့သည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊      တပ်မတော်       ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quaran-tine    ဝင်ရောက်ရမည့်    အထောက်အထား  စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာ  ရေးဝန်ကြီးဌာန၏       ညွှန်ကြားချက်များကို  ရှင်းလင်းပြောကြားခြင်းတို့ကို      စနစ်တကျ  ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီး  မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက   လိုအပ်သည်များ   ကူညီဆောင်ရွက် ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည် တင်မော်တော်ယာဉ်များဖြင့်    ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း နှင့်  ရောဂါပိုးတွေ့ရှိသူများအား  သက်ဆိုင်ရာ    နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့်  အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို   အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်