
နေပြည်တော် ဒီဇင်ဘာ ၂၅
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်တွင် ရှမ်းပြည် နယ် (မြောက်ပိုင်း) မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၇၇ ဦး၊ အမျိုးသမီး ၁၀၉ ဦး စုစုပေါင်း ၁၈၆ ဦး၊ ချင်းရွှေဟော် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၂၁ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ငါးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ရှစ်ဦးတို့ကိုလည်း ကောင်း၊ ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၈၁ ဦး စုစုပေါင်း ၂၀၆ ဦးတို့ကိုလည်းကောင်း လက်ခံခဲ့ကြသည်။
ထိုသို့ လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထားစာရွက် စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ် ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ က လိုအပ်သည်များ ကူညီဆောင် ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူ များအား သက်ဆိုင်ရာနေရာများ တွင် သီးသန့်ထားရှိ၍ လိုအပ် သည့် ကျန်းမာရေးဆိုင်ရာ များနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်