ပြည်ပ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့


 

နေပြည်တော် အောက်တိုဘာ ၂၀


နိုင်ငံတကာခရီးသည်တင် လေယာဉ် များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ပြည်ပ၌ အခက်အခဲကြုံ တွေ့နေရသည့် မြန်မာနိုင်ငံသားများ အား ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ် သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတ နိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
အဆိုပါကယ်ဆယ်ရေး လေယာဉ် တွင် ဘရာဇီးမှ ခြောက်ဦး၊ ကနေဒါမှ သုံးဦး၊ ဂျာမနီမှ တစ်ဦး၊ အင်ဒိုနီးရှား မှ ငါးဦး၊ အီတလီမှ သုံးဦး၊ အစ္စရေးမှ နှစ်ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ ၇၈ ဦး၊ နော်ဝေမှ သုံးဦး၊ ရုရှားမှ တစ်ဦး၊ ဗြိတိန်မှ လေးဦး၊ အမေရိကန် ပြည်ထောင်စုမှ ကိုးဦး၊ မြန်မာနိုင်ငံ သား စုစုပေါင်း ၁၁၅ ဦး လိုက်ပါခဲ့ ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွား အလာ ကန့်သတ်မှု ၇ ရက်နှင့် နေအိမ် တွင် အသွားအလာကန့်သတ်မှု ၇ ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘော သားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိရာ ကိုရီးယားသမ္မတနိုင်ငံ မှ ကယ်ဆယ်ရေးလေယာဉ် ၂၇ ကြိမ် တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။ သတင်းစဉ်