
ရန်ကုန် ဒီဇင်ဘာ ၈
ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ပြည်တွင်း၌သာမက ပြည်ပသို့ တိုင် ပြန့်ပွားစေရန်နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အနေဖြင့် ပြည်ပသာသနာပြုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပညာရေးနှင့် ပြည်ပ ရေးရာအဖွဲ့ငယ်၏ လက်အောက်တွင် ပြည်ပရေးရာ (ရုံးအဖွဲ့) ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှစတင်၍ အောက်ဖော်ပြပါ ရည်ရွယ် ချက် (၄) ရပ်ဖြင့် ဖွဲ့စည်းခဲ့သည်-
(က) ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားစေရန်၊
( ခ ) ပြည်ပနိုင်ငံများရှိ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆက်သွယ်ဆောင်ရွက်ရန်၊
( ဂ ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လုပ်ငန်းဆောင် ရွက်ချက်များ၊ နိုင်ငံတော်အတွင်းရှိ ထေရဝါဒဗုဒ္ဓဘာသာ ဆိုင်ရာ သတင်းအချက်အလက်များကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အင်တာနက်စာမျက်နှာ ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ပြည်တွင်း/ပြည်ပသို့ သတင်း ထုတ်ပြန်ရန်၊
(ဃ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က စေလွှတ်သော ပြည်ပထေရဝါဒဗုဒ္ဓသာသနာပြု သံဃာတော်များ၏ သာသနာပြုလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ရန် တို့ဖြစ်သည်။
သို့ဖြစ်၍ ပြည်ပနိုင်ငံများရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ် များနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က စေလွှတ်သော ပြည်ပရောက်ထေရဝါဒဗုဒ္ဓသာသနာပြု သံဃာတော်များအနေဖြင့် ပြည်ပရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကူအညီလိုအပ်လာပါက ပြည်ပရေးရာအဖွဲ့၏ Website: www.mahana.org.mm ၊ Gmail: tharwi2016@gmail.com နှင့် ဦးသန်းအေးအောင်၊ ညွှန်ကြားရေးမှူး၊ ပြည်ပရေးရာအဖွဲ့၊ သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ သာသနာရေး ဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဖုန်းနံပါတ် ၀၉-၄၂၀၇၀၁၄၅၄ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်