ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးနေမှု ဒုတိယဝန်ကြီး ဦးဝင်းရှိန် ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   မေ   ၂၅
အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်သည်  အလုပ် သမား    ညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ      ယနေ့မွန်းလွဲပိုင်းတွင် ရွှေ့ပြောင်း   အလုပ်သမားဌာနစု (မြောက်ဒဂုံ)      ပင်လုံခန်းမနှင့် မရမ်းကုန်းမြို့နယ်ရှိ    ရန်ကုန် တိုင်းဒေသကြီး    အလုပ်သမား ညွှန်ကြားရေး   ဦးစီးဌာနရုံးတွင် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်    (Overseas Worker Identification Card- OWIC) ထုတ်ပေးနေမှုအခြေအနေ ကို လှည့်လည်ကြည့်ရှု   စစ်ဆေး သည်။


ထိုသို့    ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများကို OWIC    ထုတ်ပေးမှုအဆင်ပြေ ချောမွေ့စေရေး  စနစ်တကျ   စီမံ ဆောင်ရွက်ရန်နှင့်    လာရောက် ထုတ်ယူသူများ  စနစ်တကျရှိရေး အလေးထား    ဆောင်ရွက်ရန်၊ ဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက် များကို   သိရှိမှတ်သားလိုက်နာ ဆောင်ရွက်နိုင်ရေး     အသိပေး ဆောင်ရွက်ရန်၊ စေတနာထား၍ အလေးထား   ဆောင်ရွက်ပေးရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် OWIC လာရောက်ထုတ်ယူသူ များနှင့် တွေ့ဆုံပြီး ပြည်ပအလုပ် အကိုင်ရှာဖွေသူများ     အနေဖြင့် ပြည်ပသို့ စနစ်တကျ သွားရောက် လုပ်ကိုင်နိုင်ရေး၊  ပြည်ပအလုပ် အကိုင်အမျိုးအစားအလိုက် ရရှိခဲ့ သောအတွေ့အကြုံနှင့် နည်းပညာ များ၊      အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျ ပြန်လည် အသုံးချဆောင်ရွက်ရေး၊   ပြည်ပ ရောက် မြန်မာနိုင်ငံသား အလုပ် သမားများ၏  ရပိုင်ခွင့်နှင့်  အခွင့် အရေးများ နစ်နာဆုံးရှုံးမှုမရှိစေ ရေးနှင့် ရသင့်ရထိုက်သည့် အခွင့် အရေးများ     ရရှိခံစားနိုင်ရေး ကောင်းမွန်စွာ  သိရှိနားလည်ရန် လိုကြောင်း၊ ပြည်ပတွင် လုပ်ကိုင် နေစဉ် အခက်အခဲရှိပါက  ပြည်ပ ရှိ       မြန်မာနိုင်ငံသံရုံးများနှင့် အလုပ်သမား   သံအရာရှိများထံ ဆက်သွယ်ဆောင်ရွက်ရန်၊   မိမိ အစီအစဉ်ဖြင့် အလုပ်သွားရောက် လုပ်ကိုင်သူ   အလွန်များပြားလာ သဖြင့်    OWIC    ထုတ်ပေးရေး လုပ်ငန်းစဉ်ကို    တိုးချဲ့ရန်   စီစဉ် ဆောင်ရွက်လျက်     ရှိကြောင်း၊ ပြည်ပသို့   သွားရောက်လုပ်ကိုင် လိုသူများကို   OWIC    ကတ် လျှောက်ထားထုတ်ယူရေးသတင်း စကား ဖြန့်ဝေပေးရန်  မှာကြား သည်။ 
OWIC   ကတ်ကို  သက်တမ်း ငါးနှစ်ဖြင့်     ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့်သူများ ကို စနစ်တကျ မှတ်ပုံတင်ထားရှိ ရေး၊ ပြည်ပနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမား စာရင်းများ ရရှိရေး၊ အလုပ်သမား စေလွှတ်သည့်    ပြည်ပအလုပ် အကိုင်   အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ    ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို    စနစ်တကျ ပေးဆောင်စေ၍     နိုင်ငံတော် အတွက်  ဝင်ငွေများရရှိစေရေး၊ ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့်      မြန်မာ လုပ်သားများ အကူအညီတောင်းခံ လာပါက  အချက်အလက်များကို စစ်ဆေး၍ ကူညီဆောင်ရွက်ပေး နိုင်ရေး၊ နိုင်ငံအလိုက်  လုပ်သား ထွက်ခွာမှု   စာရင်းများမှတစ်ဆင့် လိုအပ်သည့်   မူဝါဒများ    ရေးဆွဲ ချမှတ်နိုင်ရေးအတွက်     Data Server တွင် အချက်အလက်များ သိမ်းဆည်း၍    ထုတ်ပေးလျက် ရှိသည်။
ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရ    အေဂျင်စီအစီ အစဉ်ဖြင့် စေလွှတ်သည့် အလုပ် သမားများအတွက်   ရွှေ့ပြောင်း အလုပ်သမားဌာနစု (မြောက်ဒဂုံ) ပင်လုံခန်းမတွင်  ထုတ်ယူနိုင်ပြီး မိမိအစီအစဉ်ဖြင့်    သွားရောက် လုပ်ကိုင်မည့်  ကျွမ်းကျင်အလုပ် သမားများ၊     ပြည်ပနိုင်ငံများ တွင် အလုပ်လုပ်ကိုင်လျက်ရှိရာမှ ခွင့်ပြန်လာသည့်   အလုပ်သမား များနှင့် PJ Passport ကိုင်ဆောင် ထားပြီး    အမြဲတမ်းနေထိုင်ခွင့် ပါမစ်ဖြင့် နေထိုင်လုပ်ကိုင်နေသူ များအတွက်      ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးတွင်   သတ်မှတ် ချက်နှင့်အညီ စိစစ်ခွင့်ပြုထုတ်ပေး လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်