
ရန်ကုန် မတ် ၉
အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ၈ မိုင် ရှိ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန တိုင်းဒေသကြီးရုံးတွင် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (Overseas Worker Identification Card-OWIC) ထုတ်ပေးနေမှုကို ကြည့်ရှု စစ်ဆေးသည်။
အသိပေးကြေညာ
ယင်းနောက် ဒုတိယဝန်ကြီး က ပြည်ပအလုပ်အကိုင် ရှာဖွေသူ များအနေဖြင့် ပြည်ပသို့ စနစ် တကျ သွားရောက်လုပ်ကိုင်နိုင် ရေး၊ ပြည်ပအလုပ်အကိုင် အမျိုး အစားအလိုက် ရရှိခဲ့သော အတွေ့ အကြုံနှင့်နည်းပညာများ၊ အတတ် ပညာများကို ပြည်တွင်း၌ စနစ် တကျ ပြန်လည်အသုံးချဆောင် ရွက်ရေး၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများနစ်နာ ဆုံးရှုံးမှု မရှိစေရန်နှင့် ရသင့် ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်ရေး၊ အခက်အခဲရှိ ပါက ပြည်ပရှိ မြန်မာနိုင်ငံ သံရုံး များနှင့် အလုပ်သမားသံအရာရှိ များနှင့် ဆက်သွယ်ဆောင်ရွက် ရေး၊ OWIC ကတ် လျှောက်ထား ခြင်းနှင့်ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရေး ကြေးမုံသတင်းစာ တွင် ဖေဖော်ဝါရီ ၂၅ ရက်က အသိပေး ကြေညာခဲ့ပြီးဖြစ်ရာ စနစ်တကျ လိုက်နာဆောင်ရွက် ရန် မှာကြားသည်။
OWIC ကတ်ကို သက်တမ်း ငါးနှစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် သူများကို စနစ်တကျ မှတ်ပုံတင် ထားရှိရေး၊ ပြည်ပနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမားစာရင်းများ ရရှိရေး၊ ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာ လုပ်သားများ အကူအညီတောင်းခံ လာပါက အချက်အလက်များကို စစ်ဆေး၍ ကူညီဆောင်ရွက်ပေး နိုင်ရေး၊ နိုင်ငံအလိုက် လုပ်သား ထွက်ခွာမှု စာရင်းများမှတစ်ဆင့် လိုအပ်သည့် မူဝါဒများ ရေးဆွဲ ချမှတ်နိုင်ရေးအတွက် Data Ser-ver တွင် အချက်အလက်များ သိမ်း ဆည်း၍ ထုတ်ပေးလျက်ရှိသည်။
ပြောင်းလဲထုတ်ပေး
ယခင်က ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် သူများအတွက် OWIC ကတ်များ ကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမား ဌာနစု (မြောက်ဒဂုံ)၊ ပင်လုံခန်းမ၊ ၄၃ ရပ်ကွက်၊ ဗိုလ်မင်းအောင်လမ်း နှင့် မင်းရဲကျော်စွာလမ်းထောင့်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ တွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ အစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများနှင့် မိမိအစီ အစဉ်ဖြင့် သွားရောက်လုပ်ကိုင် သူများအတွက် ထုတ်ပေးခဲ့ပြီး ပိုမိုအဆင်ပြေ ချောမွေ့စေရေး မိမိအစီအစဉ်ဖြင့် လျှောက်ထား သည့် အလုပ်သမားများအတွက် မတ် ၆ ရက်မှစ၍ ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ အလုပ်သမား ညွှန်ကြား ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ရုံးတွင် ပြောင်းလဲထုတ်ပေးလျက် ရှိသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ အေဂျင်စီအစီအစဉ်နှင့် မိမိအစီအစဉ်ဖြင့် ထွက်ခွာသူ၊ ခွင့်ဖြင့်ပြန်လာသူ၊ PR ကိုင်ဆောင် သူများကို ထိုင်းနိုင်ငံသို့ ၁၂၀၀၀၀ ကျော်၊ စင်ကာပူနိုင်ငံသို့ ၂၄၀၀၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ၈၈၀၀ ကျော်၊ ဂျပန်နိုင်ငံသို့ ၁၅၅၀၀ ကျော်၊ မလေးရှားနိုင်ငံသို့ ၃၉၉၀၀ ကျော် အပါအဝင် ပြည်ပနိုင်ငံ ၈၂ နိုင်ငံတွင် သွားရောက်လုပ်ကိုင်နေ သည့် အလုပ်သမား ၂၁၆၀၀၀ ကျော်ကို OWIC ကတ်ဖြင့် စေလွှတ် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်