ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အဆင့်မီ စံချိန်/စံညွှန်း အရည်အသွေးကောင်းမွန်သည့် အားကစားကွင်း/အားကစားရုံများ တည်ဆောက်ပေးလျက်ရှိ

 

နေပြည်တော်  ဩဂုတ်  ၃၁


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏      လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း    အခမ်း အနားကို  ယနေ့   နံနက်ပိုင်းတွင် နေပြည်တော်ရှိ      အားကစား လေ့ကျင့်ရေးစခန်း (Gold Medal Hall) ၌ ကျင်းပသည်။

 


ထပ်ဆင့်ရှင်းလင်း


ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု  ဝန်ကြီး  ဦးမင်းသိန်းဇံက   နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြီးခဲ့သည့်   ပြည်ထောင်စုအစိုးရ အဖွဲ့  ၆  လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ    လမ်းညွှန်ချက် များကို       ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။ 

 


ဖြည့်ဆည်းဆောင်ရွက်ပေး


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍ များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာနတွင်   တာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်းများအနေ ဖြင့်    တစ်မျိုးသားလုံး   ကျန်းမာ ကြံ့ခိုင်စေရေးရန်    ပြည်သူများ အတွက်   စဉ်းစားပြီး   လုပ်ငန်း တာဝန်များ      ကျေပွန်အောင် ကြိုးစား    ထမ်းဆောင်ကြရန် လိုကြောင်း၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် အဆင့်မီ စံချိန်/ စံညွှန်း အရည်အသွေးကောင်းမွန် သည့်   အားကစားကွင်း/အား ကစားရုံများ   တည်ဆောက်ပေး လျက်ရှိကြောင်း၊ ယင်းအားကစား ကွင်း/ အားကစားရုံများ ရေရှည် တည်တံ့ပြီး    ပြည်သူများ    လာ ရောက်    လေ့ကျင့်ကစားနိုင်ရေး ပြုပြင်ထိန်းသိမ်း   စောင့်ရှောက် သွားရန်လိုကြောင်းနှင့်    ဝန်ထမ်း များအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ    ကြိုးစားအားထုတ်၍ လုပ်ငန်းတာဝန်များ ကျေပွန်အောင်  ထမ်းဆောင်ကြရန် လိုကြောင်း   ရှင်းလင်းပြောကြားသည်။

 


အခမ်းအနားသို့ အားကစား နှင့်  လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမျိုးလှိုင်၊    ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊     ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ (ဌာနခွဲ များ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ)မှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။


သတင်းစဉ်